Login & Register
App ကို သုံးဖို့အတွက် Login အရင်ဝင်ပေးပါ။ ကိုယ်ပိုင် username နဲ့ password ထည့်ပြီး 'Login' ကို နှိပ်လိုက်ပါ။ ပိုမိုအဆင်ပြေစေရန်အတွက် လုံခြုံရေးအတွက် လက်ဗွေနဲ့လည်း ဝင်ရောက်နိုင်ပါသည်။
Register
အကောင့် မရှိသေးဘူးဆိုရင် 'Register' နှိပ်ကာ ကိုယ့်အချက်အလက်လေးတွေ ဖြည့်ပြီး အကောင့်အသစ်လေး အလွယ်တကူ ဖွင့်နိုင်ပါသည်။
Home
ဒါကတော့ Membrix ရဲ့ Home စာမျက်နှာပါ။ ကိုယ့်ရဲ့ လက်ကျန်ပွိုင့်တွေ စစ်လို့ရသလို၊ အခြားနေရာတွေကို သွားချင်ရင်လည်း Icon လေးတွေကို နှိပ်ပြီး အလွယ်တကူ သွားလို့ရနိုင်ပါသည်။
Notification
အပေါ်ဘက်ထောင့်က ခေါင်းလောင်းလေး ကို နှိပ်လိုက်ရင် App ကနေ ပို့ပေးတဲ့ အသိပေးချက် (Notification) တွေကို ဖတ်လို့ရပါသည်။
Announcement
Announcement တွင် ကြေညာချက် တွေကို ကြည့်ရှုနိုင်ပါသည်။
Announcement Detail
ကြေညာချက်တစ်ခုကို စိတ်ဝင်စားတယ်ဆိုပါက နှိပ်ပြီးအပြည့်အစုံနဲ့ ပုံလေးတွေကို ဖတ်လို့ရရှိနိုင်ပါသည်။။
Member Tiers
ကိုယ့်ရဲ့ အဖွဲ့ဝင်အဆင့် (Tier) အလိုက် ဘာအခွင့်အရေးတွေ ရမလဲဆိုတာကို Benefits တွင် ကြည့်နိုင်မည်ဖြစ်သည်။
Member Tiers Rewards
ကိုယ့်အဆင့်နဲ့ လဲလို့ရမယ့် ဆုလာဘ်တွေကို ကြည့်ချင်ရင် Rewards တွင် ကြည့်လို့ရနိုင်ပါသည်။
Redeem Pending List
ဆုလာဘ်များ လဲလှယ်ပြီးသွားပါက အသုံးမပြုရသေးတ့် အခြေအနေကို Redeem List တွင် အလွယ်တကူ စစ်ဆေးနိုင်ပါသည်။
Redeem History
အရင်က လဲလှယ်ခဲ့ဖူးသော ဆုလာဘ်မှတ်တမ်း အားလုံးကို ပြန်လည်ကြည့်ရှုလို့ ရနိုင်ပါသည်။
Redeem History Detail
အသေးစိတ် သိရှိလိုပါက Detail အပေါ်ကို နှိပ်ပြီးတော့ ဘယ်အချိန်က လဲခဲ့လဲဆိုတာ အတိအကျ ကြည့်လို့ရနိုင်ပါသည်။
Point History
ကိုယ်ဘယ်ကနေ ပွိုင့်တွေရခဲ့လဲ ဆိုတဲ့ မှတ်တမ်းအကျဉ်းကို Points History တွင်အသေးစိတ် ကြည့်လို့ရနိုင်ပါသည်။
All Services
'All Services' ကို နှိပ်ပြီးရင်တော့ App ထဲက ဝန်ဆောင်မှုတွေအကုန်လုံးကို ကိုယ်ကြိုက်ရာ ရွေးချယ် အသုံးပြုနိုင်ပါသည်။
Rewards
ပွိုင့်တွေနဲ့ ဆုလာဘ်တွေ လဲလှယ်ချင်တယ်ဆိုရင်တော့ 'Rewards' လေးကို နှိပ်ပြီး ရှာဖွေကြည့်လို့ရပါသည်။
Rewards Detail
လိုချင်တဲ့ ဆုလာဘ်ကို ရွေးပြီးသွားရင် အသေးစိတ်ကို ဖတ်ရှု့ကာ 'Redeem Now' ကို နှိပ်ပြီး ကိုယ့်ရဲ့ ပွိုင့်တွေနဲ့ ချက်ချင်း လဲလှယ်နိုင်ပါသည်။
Rewards Success
ဆုလာဘ်လဲလှယ်ပြီးတာနဲ့ Success Page ပေါ်လာပါလိမ့်မည်။ အောင်မြင်သွားပြီမို့ 'Done' ကို နှိပ်ပြီး Home ကို ပြန်သွားလို့ရပါသည်။
Points History
ပွိုင့်တွေ ဘယ်လိုတက်လာလဲ၊ ဘယ်လိုသုံးလိုက်လဲ ဆိုတာကို အသေးစိတ် ပြန်ကြည့်ရန် Points History တွင်ကြည့်ရှု့နိုင်ပါသည်။
Earn Points
System မှ ပုံသေပေးသော ပွိုင့်များကို 'Earn Points' တွင်ကြည့်ရှု့နိုင်ပါသည်။
Invoice History
မိမိရရှိသည့် ပွိုင့်များကို ဘောင်ချာအလိုက် Invoice History တွင်ကြည့်ရှု့နိုင်ပါသည်။
Invoice History Detail
အရောင်းအဝယ်မှတ်တမ်း တစ်ခုချင်းစီကို ထောက်ကြည့်ပြီး ကိုယ့်ရဲ့ ပွိုင့်အပြောင်းအလဲတွေကို အတိအကျ စစ်ဆေးကြည့်နိုင်ပါသည်။
News List
နောက်ဆုံးရ သတင်းလေးတွေ ဖတ်ချင်တယ် ဆိုရင်တော့ သတင်းစာမျက်နှာကို သွားပြီး ဖတ်ရှု့နိုင်ပါသည်။
News Detail
ခေါင်းစဉ်တစ်ခုချင်းစီကို နှိပ်ပြီး သတင်းအပြည့်အစုံကို ဖတ်ရှု့နိုင်ပါသည်။
Branch List
ရုံးခွဲ ဒါမှမဟုတ် ဆိုင်ခွဲတွေကို ရှာချင်တယ်ဆိုရင် 'Branch List' ကနေတဆင့် ကိုယ်နဲ့အနီးဆုံး နေရာတွေကို ရှာကြည့်နိုင်ပါသည်။
Branch Detail
ဆိုင်ခွဲတစ်ခုချင်းစီရဲ့ အသေးစိတ်အချက်အလက်တွေကိုလမ်းညွှန် မြေပုံတွေကို ကြည့်ရှု့လို့ရပါသည်။
Menu
ကိုယ့်အကောင့်ကို ပြင်ချင်တာပဲဖြစ်ဖြစ်၊ App ကို အပြင်အဆင် ပြောင်းချင်ရင်ပဲဖြစ်ဖြစ် ညာဘက်အောက်ထောင့်က 'Account' Icon လေးကို နှိပ်ပြီး ဝင်ပြင်လို့ရပါသည်။
Edit Profile
ကိုယ့်ရဲ့ အချက်အလက်တွေကို နောက်ဆုံးအခြေအနေနဲ့ အပ်ဒိတ် (Update) လုပ်ထားဖို့ 'Edit Profile' ကနေ ပြင်လို့ရပါသည်။
Security And Privacy
အကောင့်ကို လုံခြုံရေးတိုးမြှင့်ချင်ရင် Privacy မျက်နှာပြင်ကနေ တဆင့် ဖုန်းနံပါတ်ပြောင်းလဲခြင်း ၊ လျှို့ဝှက်နံပါတ်ပြောင်းလဲခြင်း၊ လက်ဗွေစနစ်တွေကို ဖွင့်/ပိတ် ပြုလုပ်နိုင်ပါသည်။
Change Language
ဘာသာစကား ပြောင်းလဲချင်ပါက 'Change Language' ကို သွားပြီး ကိုယ်အဆင်ပြေမယ့် ဘာသာစကားကို ရွေးချယ်နိုင်ပါသည်။
About Us
ကျွန်ုပ်တို့ကုမ္ပဏီရဲ့ အချက်အလက်တွေနဲ့ နောက်ခံသမိုင်းကြောင်းတွေကို သိချင်ရင် 'About Us' ကနေ ဖတ်ရှု့နိုင်ပါသည်။
Terms And Conditions
App ရဲ့ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေကို အသေးစိတ် ဖတ်ရှုနိုင်ပါသည်။
Invite Friends
အခြားသူငယ်ချင်းတွေကိုပါ App သုံးစေချင်ပါက 'Invite Friends' ရှိ ကိုယ့်ရဲ့ ဖိတ်ခေါ်လင့် (Link) လေးကို ဝေမျှနိုင်ပါသည်။
Contact Us
သိချင်တာ ဒါမှမဟုတ် အကူအညီ လိုအပ်တာတွေ ရှိရင် 'Contact Us' ကနေတဆင့် ကျွန်ုပ်တို့ရဲ့ အကူအညီပေးရေးအဖွဲ့ကို တိုက်ရိုက် ဆက်သွယ်နိုင်ပါသည်။
Feedback
App ပိုကောင်းလာဖို့ ကိုယ့်ရဲ့ အကြံပြုချက်လေးတွေကို ပေးချင်ရင် 'Feedback' နေရာမှာ စာရေးပြီး ပေးပို့နိုင်ပါသည်။
FAQ
အမေးများတဲ့ မေးခွန်းနဲ့ အဖြေလေးတွေကို ကြည့်ချင်တယ်ဆိုရင် 'FAQ' ထဲ ဝင်ပြီး အလွယ်တကူ အဖြေရှာကြည့်လို့ရပါသည်။